Multilingual setup

ပထမဦးစွာ http://www.microsoft.com/downloads/en/details.aspx?FamilyID=50761e58-6040-4cf3-853a-f5ab535f7194&displaylang=en သို့သွား၍ Language pack ကို download လုပ်ပါ။ Download လုပ်ရာတွင် လိုအပ်သော language ကို Change Language drop down list မှ ရွေးချယ်၍ change ကို နှိပ်ပါ။ ထိုမှသာ လိုအပ်သော language pack ကို download လုပ်နိုင်မည်။

Language အပေါ် မူတည်၍ File နာမည်မှာ ပြောင်းလဲသွားမည်။ ဥပမာ MUISetup_1033_i386.msi တွင် 1033 သည် english language code ဖြစ်သည်။ Download လုပ်ပြီးသော file ကို CRM Server ပေါ်တွင် install လုပ်ပါ။ ပြီးလျှင် CRM ကို ဖွင့်၍ Settings > Administration > Languages ကို သွားပါ။ Install လုပ်ထားသော language များ ပေါ်လာပါက လိုအပ်သော language ကို ရွေး၍ CRM တွင် အသုံးပြုရန် Apply ကို နှိပ်ပါ။

Enable လုပ်ပြီးပါက user များသည် Tools menu > Options ကို နှိပ်၍ Language tab ထဲတွင် ကြိုက်နှစ်သက်ရာ language ကို ရွေး၍ စတင် အသုံးပြုနိုင်သည်။ Language သည် user settings ဖြစ်၍ အခြား user များသည်လည်း ငှင်းတို့ ကြိုက်နှစ်သက်ရာ language များကို အသုံးပြုနိုင်သည်။

Comments