အထက်တန်းကျောင်းသားဘ၀ နောက်ဆုံးနေ့၊ ဟုတ်ပါတယ်။ ၁၀ တန်းအတန်းတင် ဖြေရတဲ့နေ့ထဲက နောက်ဆုံးနေ့က ၀ိဇ္ဇာတွဲဖြေရတာ။ အဲဒီမတိုင်ခင် ၁ ရက်က သိပ္ပံတွဲဖြေရတာ။ ကျွန်တောတို့ ၁၀ တန်းတုန်းက ၅ ဘာသာ။ ၀ိဇ္ဇာ၊ သိပ္ပံ က ၃ ဘာသာတွဲစီ။ ၀ိဇ္ဇာ ဆို စီးပွားရေး၊ သမိုင်းနဲ့ ပထ၀ီ။ သိပ္ပံဆို ရူပ၊ဓာတု၊ဇီဝ ဗေဒတွေ။
သိပ္ပံတွဲ ဖြေရတဲ့နေ့ အတွေ့အကြုံပေါ့။ အဲဒီတုန်းကတော့ တော်တော်ကို စိတ်ညစ်သွားတာ။ နောက်နေ့ ၀ိဇ္ဇာတွဲ မဖြေချင်လောက်အောင်ကိုပါပဲ။ ကျွန်တော်က စာအတော်ကြီးမဟုတ်ပေမယ့် အောင်မှတ်လောက်တော့ ရနိုင်ပါတယ်။ ကြိုးစားတာကိုး ဟီးဟီး။ ကျွန်တော်စာရေးရင် ညာဖက်နဲ့ရေးပြီး ဘယ်လက်နဲ့ အုပ်ပြီးရေးတတ်တယ်။ ဒါနဲ့ အခန်းစောင့်တဲ့ ဆရာမက ကျွန်တော့်ကို ခိုးချတယ်ဆိုပြီး ခဏခဏလာလာကြည့်တယ်။ တကယ်ကခိုးချဖို့ သတ္တိကို မရှိတာ။ ဒါနဲ့ အဲဒီဆရာမက ကျွန်တော်ကို တော်တော်နှာကစ်လာတယ်။ ခဏနေတော့ ဆရာမက အိမ်သာသွားတဲ့ ကျောင်းသူတစ်ယောက်ကို လိုက်ပို့တယ်။ ကျန်ခဲ့တဲ့ ဆရာမက တစ်နေရာမှာထိုင်နေတာ။ အဲဒီမှာ ပြဿနာစတာ။
သိပ္ပံတွဲ ဆိုတော့ အဖြေလွှာ ၃ အုပ်နဲ့ ဖြေရတယ်။ ဘေးကကောင်မလေးက Bio မရဘူးတဲ့။ ကျွန်တော်ဖြေပြီးသားကို ပြတယ်။ ကျွန်တော်လက်ရေးက သေးတော့ မမြင်ရဘူး။ သူကမမြင်ရဘူးဆိုပြီးတော့ ပြောတယ်။ ကျွန်တော်ဖြေတာလည်းမပြီးသေးဘူး။ မပြပြန်ရင်လည်း သူငယ်ချင်း အချင်းချင်း စိတ်ပုပ်တယ်အပြောခံရဦးမှာ။ သိတယ်မဟုတ်လား။ မိန်းမတွေက အတင်းသိပ်ပြောတာ။ ဒါနဲ့ ကျွန်တော် bio အဖြေစာအုပ်ကို သူ့ကိုပစ်ပေးပြီးတော့သူ့ Physics စာအုပ်ကို ယူလာတယ်။ အဲဒါကို နောက်က ကောင်မလေးက မြင်သွားတယ်။ ကျွန်တော့် chemistry စာအုပ်ကို တောင်းတယ်။ ဒါနဲ့ ကျွန်တော့် Chemistry အဖြေစာအုပ်ကို သူ့ကို ပေးပြီး Physics အဖြေစာအုပ်ပြန်ယူလိုက်တယ်။ အဖြေစာအုပ်ကတော့ ၃ အုပ်ပေါ့ ဒါပေမယ့် Physics စာအုပ်က ၂ အုပ်။
ခဏနေတော့ စောစောက ဆရာမက ပြန်ဝင်လာတယ်။ သူက စမ်ချောင်း(၂) က ဆရာမ။ နောက်ဆုံး ဆရာမက တော်တော်တင်းလာပြီး ကျွန်တော့်ဆီမှာ ခိုးချတဲ့ micro တွေလာရှာတယ်။ ရှိမှ မရှိတာ။ ယူကို မလာတာ။ ဒါပေမယ့် စာအုပ်လဲထားတော့ ကိုယ်ရင်ခုန်သံတောင် ကိုယ်ပြန်ကြားရတယ်။ တဒိန်းဒိန်းနဲ့။ ရည်းစားစကားပြောတာတောင် အဲဒီလောက်ရင်မခုန်ရဘူး။ ဒါနဲ့ ဆရာမ မကြေမချမ်းနဲ့ ပြန်ထွက်သွားပြီး တစ်လှမ်းနှစ်လှမ်းလောက် လှမ်းပြီးမှ ပြန်လာပြီး စာအုပ်က နာမည်တွေကို လာစစ်တယ်။
တေပြီ ဆရာ၊ ပေါ် ပြီဆရာ၊ ပေါ် ပြီ . . .
ဖြေနေတာက physics။ နောက်စာအုပ် တစ်အုပ်ကလည်း physics ဖြစ်နေတယ်။ ခုံနံပါတ်လဲ စစ်ရော စဆခ(၈၀၄၊၈၀၅၊၈၀၆)။ ဘာပြောကောင်းမလဲ ဆရာမဆိုတာ နင်တို့ကို မှင်နီတားမယ် တကဲကဲပဲ။ နောက်ဆရာမ တစ်ယောက်က ၀င်ပြောလို့။ ဘေးကကောင်မလေးဆိုရင် ငိုတာမှ ကြူကြူကိုပါနေတာပဲ။ ငါကတော့ သေချာပေါက် ကျပြီဆိုပြီး နောက်နေ့ ဘာသာမဖြေတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ စာမေးပွဲပြီးတော့ ၀င်ပြောပေးတဲ့ ဆရာမကို သွားမေးတယ်။ ဆရာမက နောက်နေ့လာဖြေဖို့ တိုက်တွန်းလို့သာ သွားဖြေတာ။ စာလုံးဝ ကျက်လို့ကို မရဘူး။ တော်သေးတာပေါ့ သွားဖြေမိလို့။ စာအုပ်လဲတာ မိတဲ့ ဆရာမက အခန်းထဲမှာသာ ခြောက်သွားတာ။ တကယ်မလုပ်လို့။ မဟုတ်ရင် ၁၀ တန်း ကို second year တက်ရဦးမှာ။ ဒီလောက်တောင် ကယ်တာတောင်မှ နောက်ကကောင်မလေးက တခြားဘာသာနဲ့ ကျသွားသေးတယ်။ ထင်တာကတော့ ၀ိဇ္ဇာတွဲနဲ့ ထင်တာပဲ။ နောက်တနေ့ကျတော့ ကျွန်တော်လဲ မပြရဲတော့ဘူး။ (စာကိုပြောပါတယ်။) ဒီလိုနဲ့ပဲ အထက်တန်းကျောင်းသားဘ၀ရဲ့ နောက်ဆုံးနေ့မတိုင်ခင် ၁ ရက်ဟာ ကျွန်တော့် ဘ၀ အတွက် အမှတ်တရရှိနေခဲ့ပါတယ်။

Comments
Post a Comment