လက်ထပ်ခြင်း မှတ်တမ်းတင်ရုံး (ROM - Registry of Marriages)

စပြီဆိုတာနဲ့ ရင်မောရတာပါပဲ။ အရင်ဆုံး ROM(Registry of Marriages) မှာ မှတ်ပုံတင်ဖို့ online က နေ application တင်ပါတယ်၊ ပိုက်ဆံဖြတ်သွားပြီး application က error တတ်သွားလို့ ရုံးကိုသွားပြီး kiosk က နေ manual ပဲ တင်လိုက်တော့တယ်။ programmer ကို application က error ပြတော့ ကိုယ်ချင်းစာပေးလိုက်ပါတယ်လေ။ ပိုက်ဆံကိုတော့ သူငယ်ချင်း debit card ထဲကို ပြန်ထည့်ပေးမယ်လို့ ပြောတာပဲ။ သူ့ debit card နဲ့ application တင်ထားတာလေ။ လောလောဆယ်တော့ ကိုယ်က နှစ်ခါကုန်သွားပြီ။

အော်မေ့နေတယ်။ သူတို့သားရော သူတို့သမီးရော နိုင်ငံခြားသားဆိုရင်

weekday - ၁၂၈$
sat/sun - ၁၉၈ $
popular dates - ၂၉၈ $

အနည်းဆုံး သတို့သား (သို့) သတို့သမီး တယောက်ယောက်က စင်္ကာပူမှာ အနည်းဆုံး ၁၅ ရက် ဆက်တိုက် ရှိနေရပါမယ်။ တယောက်ယောက်က အလုပ်လုပ်နေတယ်ဆိုရင် ချက်ချင်းတင်လို့ရပါတယ်။ နှစ်ယောက်စလုံး အလည် visa နဲ့ ဆိုရင်တော့ တယောက်ယောက်က application မတင်ခင် ၁၅ ရက်ကြိုရောက်ရပါမယ်။

Application တင်ရင် ROM web site မှာ တင်လို့ရတယ်။ Application form က အောက်ပါ link ပါ။

https://app.rom.gov.sg/internet/efile/file_notice_marriage_step1a.asp

ဒါပေမယ့် စောစောကပြောသလိုပဲ debit/credit card နဲ့ပေးရတာ။ debit/credit card မရှိရင် သူ့ရုံးကိုသွားပြီး လူကိုယ်တိုင်တင်လို့ရတယ်။ ကွာတဲ့နေရာက ပိုက်ဆံရှင်းတဲ့ step ပဲကွာတာ။ ROM kiosk မှာ ကျတော့ NETS နဲ့ပေးလို့ရတယ်။

နေ့ခင်းထမင်းစားချိန် ၁၂ နာရခွဲ၊ ၁နာရီလောက်ဆို လူရှင်းတယ်။ လူရှုပ်လျှင် ၁ နာရီလောက်စောင့်ရမှာ။ သွားလို့ရတဲ့ အချိန်တွေက အောက်ပါ link မှာ ကြည့်ပါ။

http://app.rom.gov.sg/internet/about_rom/rom_contact.asp


Application success ဖြစ်လျှင် ကိုယ်ရဲ့ application ကို file တွဲထားတာ ပြန်ရှာလို့ရပါတယ်။ အောက်ပါ link မှာပြန်ရှာလို့ ရပါတယ်။

https://app.rom.gov.sg/internet/efile/filing_instructions_step1.asp


ROM မှာ လက်ထပ်မှာနဲ့ အပြင်မှာ လက်ထပ်မှာ နှစ်မျို:ရှိပါတယ်။
- ဘယ်မှာပဲ လက်ထပ် သည်ဖြစ်စေ အသိသက်သေနှစ်ယောက်လိုပါတယ်။ application တင်ရင်လည်း ထည့်ရေးရပါတယ်။

- လက်မထက်မှီ ၃၊၄ ရက်လောက် အလိုမှာ ROM ကို သွားပြီး စာရွက်စာတမ်းတွေ စစ်ဆေးရပါတယ်။ စုံတွဲသွားရမှာပါ။ အသိသက်သေတွေရဲ့ IC/Passport မိတ္တတွေလိုအပ်ပါတယ်။

- ROM မှာ လက်ထပ်မယ်ဆိုရင် solemner ငှားစရာမလိုပါဘူး။ သူတို့လူနဲ့ သူတို့ရှိပါတယ်။ လက်ထက်မယ့်ရက်က ရုံးဖွင့်ရက်ပဲ ရပါတယ်။ Sat/Sun မရပါဘူး။ အစောဆုံး ၃ လလောက် application ကြိုတင်ရပါတယ်။

- အပြင်မှာ လက်ထပ်မယ်ဆိုရင်တော့ application form ဖြည့် စဉ်ကတည်းက solemniser ရဲ့ နာမည်နဲ့ မှတ်ပုံတင်ထားတဲ့ နံပါတ်ထည့်ရမှာပါ။ solemniser က ROM အသိအမှတ်ပြုဖြစ်ရမှာပါ။ Application မတင်ခင်မှာ solemniser နဲ့ အရင် လက်ထပ်မည့်ရက်ကို confirm လုပ်ပြီးမှ application တင်ပါ။ သူကိုလည်း ပိုက်ဆံပေးရပါတယ်။ ပွဲခမဟုတ်ပါဘူး။ ၅၀-၁၀၀ လောက်ပေါ့။ အထူးဧည့်သည်အနေနဲ့ အကြိုအပို့ လုပ်ပေးရပါတယ်။ သေသေချာချာဧည့်ခံရပါတယ်။ လက်ထက်မယ့်ရက်က ကြိုက်တဲ့ရက် ကြိုက်တဲ့နေရာ ရပါတယ်။ အရေးတကြီးနဲ့ အမြန်ဆောင်ချင်လျှင်တော့ အပြင်မှာဆောင်ကြပါ။ အစောဆုံး ၂၁ ရက်မှာ လက်ထပ်လို့ရပါတယ်။ နောက်အကျဆုံးကတော့ ၃ လပေါ့။ မြန်မာအများစုကတော့ ဘုန်းကြီးကျောင်းမှာပဲ လက်မှတ်ထိုးတာများပါတယ်။ အိမ်မှာဆိုရင် ပြင်ဆင်နေရတော့ အလုပ်တော်တော်ရှုပ်ပါတယ်။

- လက်ထပ်မယ့်နေမှာ formal ကျကျဝတ်စားသွားဖို့လိုပါတယ်။ သူတို့သားအတွက်ပါ။ သူတို့သမီးအတွက်တော့ ဂါဝန်စသည်ဖြင့်ပေါ့။ လက်ထက်လက်စွပ်ကိုလည်း မမေ့ပါနဲ့။ ကြိုဝယ်ထားပါ။ Passport / Travel document / ID ယူသွားဖို့ မမေ့ပါနဲ့။

- Application ကို cancel လုပ်ချင်ရင် ရပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ရင် cancel မလုပ်ဖို့ web site ထဲမှာ သတိပေးထားပါတယ်။ ခိုင်လုံတဲ့ အကြောင်း ပြချက်ရှိရပါမယ်။

- အသိသက်သေကလည်း application တင်ပြီးရင် ပြောင်းလို့ မရပါဘူး။ သက်သေမလာနိုင်ရင်လည်း လက်မှတ်ထိုးလို့မရပါဘူး။ ဒါ့ကြောင့် သက်သေကို သေချာအောင်ရွေးပြီးမှ တင်ပါ။ တော်ကြာ သက်သေတယောက် မရှိလျှင် မင်္ဂလာပွဲ ပျက်ပါလိမ့်မယ်။ သက်သေတွေက လက်မှတ်ထိုးမယ့်နေ့မှာ ခွင့်ယူဖို့လည်း မမေ့ပါနဲ့။

November လ မှပဲ ဓါတ်ပုံတွေထပ်တင်ပေးတော့မယ်။ အခုတော့ အတွေ့အကြုံကို share တာပါ။

Comments

  1. ဘော်ဘော်ကြီး အဲ့လောက်ဆိုငါလည်း စလုံးရောက်လောက်ပြီလာလည်မယ် ပူနဲ့

    ReplyDelete
  2. Ha ha, ဟိန်းထက်ဇော်ရေ အားမကျနဲ့ ကိုယ့်သေတွင်း ကိုယ်တူးနေတာ။

    ReplyDelete

Post a Comment