ကျောင်းဆရာ

သူများတွေ ကျောင်းဆရာဘ၀ကို ဘယ်လိုနားလည်သလဲတော့ မသိပါဘူး။ ကျွန်တော်ကတော့ ကျောင်းဆရာဘ၀နဲ့ ၇ နှစ်လောက် အလုပ်လုပ်လာတော့ ကျောင်းဆရာတွေဘ၀ကို တော်တော်နားလည်လာတယ်။ တကယ်တန်းစာသင်တယ်ဆိုတာ တော်တော်စိတ်ရှည်ရတဲ့ အလုပ်ပဲ။ အနုပညာတစ်ရပ်လို့ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ကိုယ်နားလည်ထားတာကို ပြန်ရှင်းပြရတာ တော်တော်မလွယ်တဲ့ အလုပ်ပါ။ စေတနာပါရင် ပါသလောက် ပင်ပန်းပါတယ်။ မြန်မာပြည်က ကျောင်းဆရာ အများစုဟာ စေတနာနဲ့ တော်တော်အပင်ပန်းခံကြပါတယ်။ အဒီဆရာတွေမှာ လွဲနေတာတစ်ခုက ငါဆရာပဲဆိုတဲ့ မာနပါ။ မသိရင် မသိဘူး ၀န်မခံကြပါဘူး။ ကျွန်တော် ငယ်စဉ်တုန်းက programming သင်တဲ့ ဆရာတယောက် ကို သိချင်တာတစ်ခုမေးကြည့်တယ်။ စာသင်နေတုန်း အတန်းထဲမှာပါ။ ကျွန်တော်မေးတဲ့မေးခွန်းကို ဆရာက မဖြေနိုင်ဘူး။ ဒါပေမယ့် ဆရာက အရင် MSDN Help မှာ ရှာကြည့်တယ်။ အဲဒီတုန်းက Internet မရှိသေးဘူး။ နောက်ဆုံးရှာ မရလို့ ဆရာက ငါတော့မသိဘူး မင်းတို့ရှာကြည့်ကြ၊ ရရင်ငါ့ကိုလည်းပြောဦး ဆိုပြီးပြောတယ်။ ပွင့်ပွင့်လင်းလင်းဝင်ခံရရင် ငယ်တဲ့အချိန်ဆိုတော့ ဆရာက ဒါလေးတောင်မသိဘူးလားဆိုပြီး ထင်မိတယ်။ နောက်ကြာလာတော့မှ ဆရာ့ကို လေးစားလာတယ်။ အဲဒီ အချိန်ကသာ ဆရာက ဖြီးထဲ့လိုက်ရင် သိမှာ မဟုတ်ဘူး။ ဘာမှ မှ မသိသေးတာ။ ကြာမှသိလိုက်တာက self study ကို လုပ်ချင်လာအောင် လုပ်လိုက်တာ။ ငယ်သေးတယ် မဟုတ်လား။ နည်းနည်းသိရင် များများကြွားလို့ရတယ်။ ဆရာတောင် မသိတာကို သိအောင်လုပ်နိုင်တယ်ဆို့တဲ့ ကြွားလုံးက နည်းနည်းနောနောမှ မဟုတ်တာ။ ဒါနဲ့ Teach Yourself Visual Basic in 21 Days စာအုပ်တစ်အုပ်လုံး ဖတ်ဖြစ်သွားပါတယ်။ စာအုပ်ဖတ်နေတုန်းမှာ ၀င်လာတဲ့ အသိတရားက ငါဘာမှ မသိသေးပါလားဆိုတာပါပဲ။

လူတိုင်း (ကျောင်းဆရာတွေ) အပါအ၀င် ဘယ်သူမှ အားလုံးကို ပြီးပြည့်စုံအောင် သိမှာမဟုတ်ပါဘူး။ လောကကြီးမှာ လူတော်လူကောင်းတစ်ယောက် ဖြစ်လာဖို့ ပတ်ဝန်းကျင်လိုပါတယ်။ အဲဒီအထဲမှာ ထိပ်ဆုံးကပါနေတာ ဆရာတွေပါ။ ဆရာတွေရဲ့ အမူအကျင့်၊ အတွေးအခေါ်တွေဟာ နုနယ်တဲ့ ကျောင်းသားကို အများဆုံး လွှမ်းမိုးခံရပါတယ်။ ဥပမာ တချို့အထက်တန်းကျောင်းက ဆရာ၊ဆရာမတွေ ဟာ သူတို့ချင်းပြိုင်တာ အားမရလို့ ကလေးတွေကို အသုံးချပြီး ငါ့တပည့်က နင့်တပည့်ထက်တော်တယ်၊ ငါ့တတပည့်က နင့်တပည့်ထက် ချမ်းသာတယ် စသည်ဖြင့် ပြိုင်ကြပါတယ်။ အဲဒီလို ဆရာမျိုးတွေရဲ့ တပည့်တွေလည်း ဒါမျိုးအပြိုင် အဆိုင် အကြွားအ၀ါတွေ တက်လာပါတယ်။ ကျွန်တော် တသက်တာ ငယ်စဉ်ကနေ အခုအချိန်အထိ ဆရာကောင်း၊ သမားကောင်း တွေနဲ့ပဲတွေ့ခဲ့ရတာ။ ဥပမာ လူတစ်ယောက် ပုံမှန်စာရေးနှုန်းနဲ့ရေးလို့ လက်ရေးလှရင်၊ အက္ခရာရေးနည်းစနစ်ကျနေရင် မူလတန်းက ဆရာ့ကြောင့်လို့ သက်မှတ်လို့ ရပါတယ်။ ဆရာချည့်ပဲတော့ မဟုတ်ဘူးပေါ့။ တပည့်ရဲ့ကြိုးစားအားထုတ်မှုလည်းပါ ပါတယ်။ လူတစ်ယောက် အခြေခံ maths တော်နေရင် အလယ်တန်းပြဆရာရဲ့ ကျေးဇူးပါ။

နာနာကျင်ကျင်
အပြစ်မြင်တိုင်း
ဝမ်တွင်းမသို
ဟုတ်တိုင်းဆို၍
ကျိုးလိုစိတ်က
ဆုံမတတ်သူ
ဆရာဟူလော့

ဆရာအားလုံးကို သတိရလျှက်။

Comments

  1. ဖတ်သွားတယ် ဆရာလေး။

    ReplyDelete
  2. Unicode ပြောင်းလိုက်ပြီလား ဆရာလေး ကျွန်တော့်ဆီမှာ တလွဲတွေပေါ်နေတယ်။ Reader မှာတော့ သေချာပေါ်တယ်။ ကျွန်တော်ဘဲ တစ်ခုခုလွဲနေလား မသိ။

    ReplyDelete
  3. ဒီလိုပါကိုမျိုးအောင်။ကျွန်တော်က မြန်မာကျူးပစ်မှာလည်း member ၀င်ထားတော့ ကျူးပစ်ကိုဝင်ရင် font မမြင်ရလို့ ပြောင်းထားတာပါ။ Mozilla browser နဲ့ဆိုရင် အဆင်ပြေပြေကြည့်လို့ရမှာပါ။

    ReplyDelete
  4. ဆ၇ာ လုပ်နေလို့လားမသိဘူး..ဒီ topic လေးကို ကြိုက်တယ်..ဟုတ်တယ်နော်ဆ၇ာ..တကယ်တမ်းစာသင်ရတာ..တော်တော်ကိုစိတ်ရှည်ရတာဘဲ..တခါတလေ ကျောင်းသားတွေကိုစိတ်စိုးချင်တယ်ဆရာရယ်. သေသေချာချာအသေးစိတ်ရှင်းပြနေရဲ့သားနဲ့ ဘာလို့ တော်တော်ကိုဒူကြတာလဲပေါ့။ အဲဒီအချိုန်မှာ ဘာကိုသွားသတိရလဲဆိုတော့..ဆရာ TZK ပြောဖူးတဲ့စကားလေးကို သွားသတိရတယ်..သြော်..အဲဒီလိုလူမျိုးတွေရှိလို့ ငါလိုလူမျိုးဆရာဖြစ်နေပါလားလို့..ကိုယ့်ကိုကိုယ်သတိပေးလိုက်တယ်တဲ့..အဲဒီလိုစဉ်းစားလိုက်တော့ စိတ်ထဲမှာနေလို့ကောင်းသွားတယ်။ ကျောင်းသားတွေနဲ့လဲ ပိုမိုခင်မင်သွားတယ်။(ကျောင်းသူတွေပါ..ပါတယ်နော်ဆရာ..:P) ဆရာနဲ့စကားပြေရင် သတိထားရတယ်။ ဆရာက စကားအထအန ကောက်တတ်လို့။
    နောင်တစ်ခုက ဆရာပြောသလို မသိသေးရင် မသိသေးဘူးလို့ ၀င်ခံတဲ့ အကျင့်ကို train ထားတယ်တယ်ဆရာ. အရင်တုံးကတော့ရှက်တာပေါ့နော်..နောက်ပိုင်းတော့ ဘာသိလာလဲဆိုတော့..ဆရာထက်တော်တဲ့ တပည့်တွေရှိတယ်ဆိုတာ လက်ခံလားတယ်. နည်းပညာတခုဟာ လူတိုင်းအကုန်မသိနိုင်ဘူး။ သူသိတာငါသိချင်မှသိမယ်။ ငါသိတာသူသိချင်မှလည်းသိမယ်။ အချင်းချင်းအသိပညာ ဖလှယ်မှပိုပြီးတိုးတက်မယ်လို့သဘောပေါက်လာတယ်။ ဒါကြောင့် အခုဆို ကျောင်းသားတွေစာမေးလို့ မသိသေးရင်. မသိသေးဘူးနော်။ စမ်းကြည့်ပေးမယ်။ နောက်နေ့ကျရင်ပြောပြမယ်. နင်တို့လဲသိရင် ငါ့ကိုပြောပြပေါ့လို့ပြောလိုက်တယ်.ကိုယ်လဲသူတို့ပြေတာကိုရအောင်လုပ်တယ်.
    အရမ်းကိုအဆင်ပြေလာပါတယ်
    ဆရာပေမယ့်..ကျောင်းသားတွေကပြန်ပေးသွားတဲ့ပညာတွေက အပုံကြီးပါ....

    ReplyDelete

Post a Comment