ပထမ (သို့) နောက်ဆုံး ဆိုတဲ့ title ပေးရတာက ဒီ blog ဟာ ကျွန်တော့် အတွက် ပထမဆုံး ဖြစ်ပြီး သူများတွေအတွက် နောက်ဆုံးမှ ဖြစ်နေလို့ပါ။ IT လောကမှာ ကျောင်းဆရာ instructor ပေါက်စဘ၀ကနေ ၇ နှစ်လောက် အလုပ်လုပ်ခဲ့ပြီး ဒီနေ့မှ blog စ ရေးတယ်ဆိုရင် ကျွန်တော့် title ကို နားလည်ကြမှာပါ။ ပထမဆုံး blog စ ရေးတာဆိုတော့ ဘာရေးရမှန်း မသိတာနဲ့ ကိုယ်အကြောင်း ကိုယ်ပဲ စရေးပါရစေ။ ကိုယ့်အကြောင်းဆိုတာက ကိုယ်မကောင်းကြောင်း ကိုယ်ပေါင်ကိုယ်ပြန်လှန် ထောင်းတာနဲ့ ကျောင်းတုန်းက ဘ၀ အမှတ်တရပေါ့။ ပထမဦးဆုံး ငယ်ငယ်က အကြောင်းတွေပေါ့။ မူလတန်း တုန်းကတော့ နဲနဲ စာတော်သလိုလို လိမ္မာသလိုလိုနဲ့ အလယ်တန်းကျတော့ ချိုကပေါက်ချင်လာပြီ။ ကျောင်းပြေးတာပေါ့။ ဒါပေမယ့် ကျောင်းနဲ့ အိမ်နဲ့က နီးနီးလေးဆိုတော့ ချက်ချင်း တိုင်စာအိမ်ကို ရောက်လာတော့တာပါပဲ။ စော်ပလော်တီးခံရတယ်ဆိုပါတော့။ ၉၊၁၀ တန်းရောက်တော့ တော်တော်သောင်းကျန်း လာတယ်။
မှတ်မှတ်ရရ အရှတ်ကွဲတဲ့နေကို ပြောရဦးမယ်။ အဲဒီနေ့က ကျောင်းကို ၈ နာရီလောက် စောရောက်နေတာ။ စာမေးပွဲ စစ်မယ့်နေ့လေ (pre test). အတန်းထဲမှာက အလှည့်ကျ အခန်းသော့ကို အသင်းခေါင်းဆောင်တွေက အလှည့်ကြကိုင်ရတယ်။ ကျွန်တော်က အ၀ါအသင်းခေါင်းဆောင်ဆိုပေမယ့် အဲဒီနေ့က အ၀ါအသင်းအလှည့်မဟုတ်တော့ သော့ကမရှိဘူး။ သကောင့်သား သော့ကိုင်တဲ့ကောင်လည်း ၈ နာရီခွဲတဲ့ အထိပေါ်မလာဘူး။ အဲဒီတော့ စောရောက်နေတဲ့ကျောင်းသားတွေက ကျွန်တော့်ကို ၀ိုင်းပြီး complaint တက်ကြပါလေရော။ ကျောင်းအခန်း တံခါးက ရှေကတံခါးပေါက်ကိုပဲ သော့ခတ်တာ။ နောက်တံခါးက ဂျက်ပဲထိုးထားတာ။ တံခါးရွက် တရွက်ကို အသာတွန်း၊ လက်ရှိုပြီး အသာကလန့်လိုက်ရင် အောက်ဂျက်ပွင့်သွားပြီ။ အပေါ်ဂျက်က တံခါးကို အသာတွန်းလိုက်ရင် ဂျက်ကိုသာ မကလန့်ထားနဲ့ ပြုတ်ကျလာရော။ အော်ဒါနဲ့ ပြောဖိုမေ့နေတယ်။ အရမ်းကို အားတက်သရော ဘာလို့ဖွင့်နေရတာလဲဆိုတာ။ ကျောင်းစောစောလာ စာပြန်နွေး။ ဒါမျိုးတွေကို ကျောင်းသားတွေလုပ်မယ်များ ထင်နေလား။ ဝေးသေး။ အများစုက ကောင်မလေးတွေဗျ။ ဆိုတော့လည်း ကျွန်တော်မှ မကူညီရင် ဒင်းတို့ စာမနွေးရတော့ ဘူးဆိုပြီး ကူညီတာပါ။ စေတနာ သန့်သန့် ၉၉% တောင်ပါသေး။ ကျန်တဲ့ ၁% ကတော့ စဉ်းစားကြည့်ပေါ့။ ဟီးဟီး . . .
ဇတ်လမ်းက အခုမှစမှာ။ သော့ကိုင်တဲ့ အနှီ သကောင့်သားက အနောက်တံခါး အပေါ်ဂျက်ကို ကလန့်သွားတယ်။ ဒါနဲ့တံခါးက ဖွင့်မရဘူး။ အားကိုးတကြီးနဲ့ ကြည့်နေတဲ့ လူတွေကလည်း မျှော်လင့်ချက် ဆုံးပြီပေါ့။ ဘာရမလဲ ရွှေဘလေ။ သိတယ်မဟုတ်လား။ တံခါးရဲ့ အပေါ်မှာ က လေ၀င်ပေါက်ရှိတယ်။ လေ၀င်ပေါက်ကနေ လက်ကို နှိုက်ရင် အပေါ်ချက်ကို အသာဖြုတ် ပြုတ်ရော။ ဒီအကြံနဲ့ အနီး corridor မှာ ရှိတဲ့ စာသင်ခုံတစ်လုံးယူ။ အရပ်က မမှီသေးဘူး။ ဒါနဲ နောက်ထပ်ဖင်ထိုင်ခုံ တစ်လုံးယူပြီးတော့ထပ်။ ကြောက်ကလဲ ကြောက်တော့ နင်တို့သေသေချာချာကိုင်ထား လို့ပြောပြီးပေါ်ကိုတက်။ လက်ကို လေ၀င်းပေါက်ကနေ နှိုက်။ မရဘူး စမ်းတ၀ါးဝါးနဲ့။ နောက်လက် တဖက်က ဘောင်ကို ကိုင်ထားရသေးတယ်။ ပြုတ်မကျအောင်လို့။
အရေးကြီးတာ ပြောရဦးမယ်။ ကျွန်တော်တို့ ၁၀ တုန်းက ပုဆိုးကို ဖုတ်သိုက်ချက်ပြုတ်ဝတ်တာ။ လက်ကို မပြီးတော့ လေ၀င် ပေါက်ကနေနှိုက်တော့ အင်္ကျီက မြှောက်သလိုဖြစ်ပြီးတော့ ပုဆိုးကလျှောနေပြီ။ အားလုံးသော ပရိတ်သတ်ကလည်း တံခါးပွင့်ရင် ၀င်ရအောင် ဘယ်လိုကလိမ်ကကျစ်နဲ့ ကြိုးစားနေသလဲဆိုတာကို မော့ပြီးကြည့်နေကြတုန်း။ ဗြုန်းကနဲ ကျွန်တော့် သူငယ်ချင်း တယောက်က ပုဆိုးအောက်စကို အသာဆွဲချသွားတယ်။ အခြေအနေကို စဉ်းစားသာကြည့်တော့။ အားလုံးက မျှော်လင့်တကြီးနဲ မော့ကြည့်နေတဲ့အချိန် ကျွန်တော်ပုဆိုးက ကွင်းလုံးကျွတ်။ တံခါးကလည်း ဂျက်အပြုတ်။ တော်သေးတယ် အင်္ကျီက ရှည်နေလို့။ ဘယ်ဟုတ်မလည်း သကောင့်သားက သူကြောင်နေတဲ့ ကောင်မလေး ရှေ့မှာ ကျွန်တော်က hero သွားလုပ်တော့ နှာကစ်တယ်နဲ့ တူပါတယ်။ စတာတော့ စတာပါပဲ။ အားလည်းမပါ ပါဘူး။ ပုဆိုးက လျှော့နေတဲ့ အချိန် ကွက်တိပဲ။ ခုန်ချရအောင်က လည်းအမြင့်ကြီး။ ဒါနဲ့ လက်ကိုအမြန်ပြန်ထုတ် ပုဆိုးကိုမ။ လက်ကကိုင်ပြီး free fall ဆင်းသလို ဒိုက်ဗင်ပစ်။ နီးတဲ့ အခန်းထဲဝင် ပြေးရတာပေါ့။ အနောက်က စောစောက ပုဆိုးဆွဲချွတ်တဲ့ကောင်က ပါလာသေးတယ်။ ပြောသေးတယ်။ ငါ အဲသလောက်ဖြစ်မယ် မထင်လို့စတာပါတဲ။ ဒေါသကထွက်ရင် ကောင်းမလား၊ သူငယ်ချင်းကလည်းဖြစ်။ သတိရတော့ ဖိနပ်ပါမလာဘူး။ ဒါနဲ့ ဟော့ကောင် ငါဖိနပ်သွားယူပေးဆိုတော့ သွားယူပေးရှာပါတယ်။ ကံ က ကောင်းချင်တော့ (pre test) ကို library မှာ လူခွဲပြီးဖြေရတယ်။ စာမေးပွဲ ဖြေကာနီး ၅ မိနစ် အလိုကျတော့ library မှာ အတူတူဖြေရတဲ့ ကောင်မလေးက လာပြောတယ်။ နင့်အကြောင်း အခန်းထဲမှာ ပြောနေကြတယ်တဲ့။ နင့် အောက်ခံဘောင်းဘီ က ပြဲနေတယ်တဲ့။ မှတ်ရော . . . .
(P.S တကယ်မပြဲပါ။)

မဟုတ်ဘဲနဲ့တော့ ပြဲနေတယ် ပြောမယ် မထင်.....
ReplyDeletePS မထည့်ရင် နင် အိုးမလုံအုံပွင့်တာ သတိတောင်ထားမိမှာ မဟုတ်ဘူး....
နင့်အကြောင်းမသိတာကျလို့ ကောင်မလေးတွေက ရွှေခဲရွှေခဲဆိုရင် သွားကြီးဖြီးပြီး နွားပြာကြီးအောက်သွားမရှိဘဲနဲ့ ဟွန်း မသိတာကျလို့ ဒေါ်ဌေးဌေးအခန်းမှာ နင်ရယ် ဂျပုပြည့်ဖြိုးမောင်ရယ် နေ့ခင်းမုန့်စားဆင်း အိမ်က နေထမင်းစားပြီး ပြန်မလာလို့ဆရာမ အိမ်ကို လူလွှတ်ပြီးခေါ်ခိုင်းတာ နင့်အမေ့ကြီးပါလာပြီးနင့်ကို အတန်းရှေ့မှာ ဆော်တာ မှတ်မိသေးတယ် ဟဲဟဲ ကျောင်းတုံးက ငကဲတွေဘဲ လူမသိဘဲနေပါ့မလား ဟဟ
ReplyDeleteလူတွေများခက်တယ်နော်။ သူများကောင်းစားရင် မနာလိုဖြစ်ပြီ။ အသက်တွေလည်း ရလာပြီ။ မနာလိုတာတွေ လျှော့တော့ သူငယ်ချင်းရေ။
ReplyDeleteဟဆရာ... ကြမ်းလှချည်လား! လုံးဝကိုမထင်ရဘူး တကယ်
ReplyDeleteဆရာလေး ဂလိုတော့လဲ စာတွေ အရေးသားဘဲဗျ။ လုပ်ပါဦး။ ဆက်ပါဦး။ ကျောင်းဆရာဘဝ ဟာသများဆိုပြီးတော့ ...။
ReplyDelete