ဒါတာဘေ့(စ်) ပေးသော ဒုက္ခများ

လွန်ခဲ့သော ၆ နှစ်ခန့်က သီရိလင်္ကာမှလာသော ဆရာနှင့်စာသင်ရာတွင် အနှီ ဒါတာဘေ့(စ်)(database) နှင့် စ၍ဒုက္ခရောက်ဖူးသည်။ US အခေါ် ဒေတာဘေ့(စ်) နှင့် UK အခေါ် ဒါတာဘေ့(စ်) ကြားတွင် ဗျာများဖူးသည်။ ဆရာက ဒါတာဘေ့(စ်) ဆိုတာနဲ့ ဒါဒါ(စိုးမြတ်နန္ဒာ) ကိုပဲ ပြေးပြေးမြင်လိုက်တာပါပဲ။ (မှတ်ချက် - အိမ်ထောင်မကျသေးပါ။)

အခုလည်း အနှီ ဒါတာဘေ့(စ်) (သို့) ဒေတာဘေ့(စ်) က ပြဿနာ ရှာပြန်သည်။ အလုပ်မှ Database အတွင်းတွင် records အရေအတွက် million နှင့် ချီ၍ရှိလေသည်။ database ကို backup လုပ်ရာတွင် Log file ၏ size မှာ 6 GB ရှိလေသည်။ Microsoft SQL Server Management Studio မှ database file ၏ size ကို shrink လုပ်ရာ မအောင်မြင်ပဲ ရှိနေလေ၏။ နောက်ဆုံးတွင်မှ Microsoft knowledge base မှ အဖြေရ၏။ အဖြေမှာကား

backup log [database_name] with truncate_only
dbcc SHRINKFILE([LogFileName], [Size])

example:

backup log Matrix with truncate_only
dbcc SHRINKFILE(Matrix_LogLatest, 2)

http://support.microsoft.com/kb/272318

နောက်ထပ်ပေးသောပြဿနာမှာ table ၁ခုတည်းတွင် record အရေအတွက် million နှင့်ချီ၍ရှိသောကြောင့်
report ထုတ်ရန်ရေးရသော query များတွင် အလွန်ကြာတတ်သည်။ ထိုပြဿနာကို ရှင်းရန်မှာ -
SQL query ၏ where clause တွင် အသုံးများသော column များကို index ဆောက်ရန်ဖြစ်သည်။ ထိုသို့ index ဆောက်ထားပါက မိနစ်ချီ၍ကြာတတ်သော query များမှာ စက္ကန့်နှင့်ပင်ပြီးနိုင်သည်။ ထိုသို့သော နမူနာများကို SQL Server Tuning e-book များနှင့် SQL Server related web site များမှရရှိနိုင်ပါသည်။

ဒါတာဘေ့(စ်) မှ ပေးသော ပြဿနာများကင်းဝေးကြပါစေ။


အထက်ပါ database ၏ log ကို ချုံ့သော dbcc command သည် SQL Server 2005 အထိသာ အသုံးပြုနိုင်ပါသည်။
SQL Server 2008 တွင် အောက်ပါအတိုင်း ပြုလုပ်နိုင်ပါသည်။

USE SampleDB;
GO
-- Truncate the log by changing the database recovery model to SIMPLE.
ALTER DATABASE SampleDB
SET RECOVERY SIMPLE;
GO
-- Shrink the truncated log file to 1 MB.
DBCC SHRINKFILE (2, 1); -- here 2 is the file ID for trasaction log file,you can also mention the log file name (dbname_log)
GO
-- Reset the database recovery model.
ALTER DATABASE SampleDB
SET RECOVERY FULL;
GO

Comments

  1. ကျေးဇူးရှင်လေး သိသော တတ်သော ပညာရပ်များကို များများမျှဝေနိုင်ပါစေဗျာ

    ReplyDelete

Post a Comment